(+959) 951 243573

Privacy Policy

တည်ဆဲဥပဒေများ နှင့် နည်းဥပဒေများ လိုက်နာခြင်း

ကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းအားလုံးသည် မိမိတို့၏ နေ့စဉ် လုပ်ငန်းရပ်များအတွက် လိုအပ်သော မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် နည်းဥပဒေများ လိုက်နာရမည်။ ထို့ကြောင့် သင့်၏ နေ့စဉ်လုပ်ငန်းများအတွက် လိုအပ်သောဥပဒေနှင့် ကန့်သတ်ချက်ကို သိရှိနား လည်အောင် လေ့လာခြင်းမှာ သင်၏တာဝန်ဖြစ်သည်။ မိမိအနေဖြင့် မသေချာလျှင် မိမိ၏ အထက် လူကြီးအား သို့မဟုတ် မိမိ၏ ဝန်ထမ်းရေးရာဌာန ဆက်သွယ်မေးမြန်းသင့်သည်။ မည်သို့ပင်ဖြစ်စေ အောက်ဖော်ပြပါ ဥပ‌ဒေအချက်အလက်များကို အထူးသတိချပ်သင့်ပါသည်။

 

ထုတ်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းမှု

ကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းအားလုံးသည် မိမိရောင်းချသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ သည် ချမှတ်ထားသည့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ယေဘူယျစည်းကမ်းများ၊ စည်းမျဉ်းများ၊ အတိုင်း လိုက်နာဆောင်ရွက်ရမည်။ အဆိုပါ လိုအပ်ချက်များကို မိမိအနေဖြင့် လေ့လာထားရှိရမည် ဖြစ်ပြီး ချွင်းချက်မရှိ လိုက်နာရမည်။

 

ယှဉ်ပြိုင်ခြင်း ဥပဒေ

ကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းအားလုံးအား အောက်ဖော်ပြပါ ဆောင်ရွက်ချက်များကို အစဉ်အမြဲပိတ် ပင်ထားသည်။
ယှဉ်ပြိုင်သူများကြား ထုတ်လုပ်ကုန်ကျစရိတ်၊ ရောင်း‌စျေးနှင့်စပ်လျဉ်းသည့် နှစ်ဉီးသဘောတူ စာချုပ်များ
ယှဉ်ပြိုင်သူများကြား စျေးကွက်သတ်မှတ်ခြင်း၊ စျေးကွက်ရှယ်ယာများ သို့မဟုတ် ထုတ်လုပ်မှု “ကိုတာ” များခွဲဝေခြင်း နှင့် စပ်လျဉ်းသည့် နှစ်ဉီးသဘောတူစာချုပ်များ။
ယှဉ်ပြိုင်သူများကြား မိမိတို့ ရောင်းချမည့် ‌ဒေသနှင့် ဝယ်ယူသူများခွဲဝေမည့် နှစ်ဉီးသဘောတူ စာချုပ်များ။
ဝယ်ယူသူသို့ တင်ပြသည့် စျေးနှုန်းကို ယှဉ်ပြိုင်သူများကြား ညှိနှိုင်းခြင်း။
ပုဂ္ဂလိက သို့မဟုတ် အစိုးရဌာနများမှ ပစ္စည်းဝယ်ယူသည့် ဖောက်သည် သို့မဟုတ် ကုန်ပစ္စည်း ဝယ်ယူရန် အလားအလာရှိသည့် ဖောက်သည်များ၏ ဝန်ထမ်းများအား လာဘ်လာဘတံဆိုး လက်ဆောင်နှင့် အခြားအကျိုးအမြတ်များပေးခြင်း။

 

အခွန်ဥပဒေ

ကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းအားလုံးသည် ဝင်ငွေခွန်များ၊ ရောင်းဝယ်ခွန်များ၊ ချန်အခွန်မျး၊ အခြား အခွန်ဥပ‌‌‌ဒေများနှင့် နုတ်ယူမှုများ ပါဝင်ပါသည်။ တင်သွင်းသည့် ကုန်ပစ္စည်းများ သို့မဟုတ် ငွေ တောင်းခံလွှာပို့ပြခြင်း၊ လျှော့ပြခြင်းမပြုရ။ ကုမ္ပဏီသို့ရောင်းချသူသည် အရောင်းအဝယ်ပြုရန် သဘောတူထားသည့် စျေးနှုန်းထက်ပိုသော်လည်းကောင်း၊ လျော့သော်လည်းကောင်း တောင်းခံ ခြင်း မပြုရ။

 

အခြားဥပ‌ဒေများ

ကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းအားလုံးသည် အခြားအခြားသော ဥပဒေများဖြစ်သည့် ကုမ္ပဏီဥပဒေ များ၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်းများ၊ ဝန်ထမ်းများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းဥပဒေ၊ အလုပ် သမားဥပဒေများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေများ၊ အစိုးရဌာနပစ္စည်းဝယ်ယူရေးဥပဒေများ စသည့် ဥပဒေများ လိုက်နာရမည်။

 

တံစိုးလက်ဆောင်များ၊ အကျိုးအမြတ်များကို လက်ခံယူခြင်း

ကုမ္ပဏီနှင့် ကုမ္ပဏီဝန်းထမ်းအားလုံးသည် မိမိနှင့် ဆက်ဆံသူများ၏ ဂုဏ်သိက္ခာ၊ ၎င်းတို့၏ အခွင့်အရေးကို လေးစားရမည်။ ဥပဒေအရဆန့်ကျင်သော လာဘ်လာဘ လက်ခံခြင်း သို့မဟုတ် မိမိမှ သူတပါးအား လာဘ်လာဘ ကမ်းလှမ်းခြင်းကို ရှောင်ကျဉ်ရမည်။
အထက်ဖော်ပြပါသူများတွင် ဝယ်ယူသူများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ပစ္စည်းတင်သွင်းသူများ၊ ယှဉ်ပြိုင်သူများ သို့မဟုတ် အစိုးရအာဏာပိုင်များ ပါဝင်သည်။
ကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းအားလုံးသည် ဝယ်ယူသူများ၊ ပစ္စည်းတင်သွင်းသူများနှင့် အခြားပုဂ္ဂိုလ် များထံ ကမ်းလှမ်းလာဖွယ်ရှိသည့် ဥပဒေနှင့် ဆန့်ကျင်သော လာဘ်လာဘများလက်မခံရ။ အဆိုပါ လက်‌ဆောင်များ၏ တန်ဖိုးသည် ဘေဘူယျအားဖြင့် ကျပ် ၃၀၀၀၀ ထက်ပိုလျှင် မိမိ၏ အကြီးအကဲ ၏ ခွင့်ပြုမှ ယင်းလက်ဆောင်အား လက်ခံယူရမည်။ သို့မဟုတ်ပါက အဆိုပါ လက်ဆောင်အား ကုမ္ပဏီသို့ လွှဲပေးမည်။

 

တံစိုးလက်ဆောင်များ အကျိုးအမြတ်များကို ကမ်းလှမ်းခြင်း

ကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းအားလုံးသည် အစိုးရအာဏာပိုင်များနှင့် ဝန်ထမ်းများအား မည်သည့် ငွေကြေး သို့မဟုတ် တန်ဖိုးရှိအရာများအား ကတိကဝတ်ပြုခြင်း၊ ကမ်းလှမ်းခြင်း မပြုရ။

 

ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှုမပြုရ

ကုမ္ပဏီဝန်ထမ်းအားသည် မည်သည့်နည်းနှင့်မျှ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှု မပြုရ။ ကုမ္ပဏီ၏ အကျိုးပဋိပက္ခဖြစ်မည့် လုပ်‌ဆောင်မှုများမလုပ်ရ။

 

လျှို့ဝှက်စွာထားရှိမှု

ကုမ္ပဏီ၏ စီးပွားရေး၊ ဘဏ္ဍာ‌ရေး၊ စက်မှုနည်းပညာဆိုင်ရာ သတင်းအချက်အလက်များ၊ ကုမ္ပဏီ တွင်း စီးပွားရေး စာရွက်စာတမ်းမျာအား လျှို့ဝှက်စွာထားရှိရန်။
ကုမ္ပစီဝန်ထမ်းအားလုံးသည် ကုမ္ပဏီ၏ လျှို့ဝှက်စွာထားရှိရမည့် သတင်းအချက်အလက်များဖြစ် သည့် စီးပွားရေး၊ ဘဏ္ဍာရေး၊ စက်မှုနည်းပညာဆိုင်ရာ သတင်းအချက်အလက်များနှင့် ကုမ္ပဏီတွင်း လျှို့ဝှက်ဟု သတ်မှတ်ထားသော စီးပွားရေးစာရွက်စာတမ်းများအား လျှို့ဝှက်စွာ ထားရှိရမည်။ ကုမ္ပဏီနှင့် မသတ်ဆိုင်သူများမပြရ။

Complying prevailing laws and regulations of Myanmar

The company and the company’s employees must comply with laws and regulations of Myanmar. It is therefore within your own personal responsibility to make yourself knowledgeable about the legal requirements and restrictions governing your daily work. If you are uncertain or if you have specific questions, turn to your supervisor or Human Resource Department. However, you should pay particular attention to the following areas of law:

 

Product safety

The safety of products delivered and services rendered to customers is usually dealt with in general or industry-specific regulations. You should keep yourself up-to-date with all legal requirements and follow them without exception.

 

Competition law

The following practices are usually prohibited:
agreements among competitors on costs and/or selling prices;
agreements among competitors on the allocation of markets, market shares and/or production quotas;
agreements among competitors on the allocation of territories and/or customers;
agreements among competitors on jointly fixing prices or rebates;
paying bribes, kickbacks or other benefits to employees or potential customers in the public and private sector.

 

Tax law

The company and the company’s employees must obey tax laws include income taxes, sales taxes, withholding taxes and other taxes and deductions. The company prohibits Over-invoicing or under-invoicing for goods or services. The seller shall not invoice amounts higher or lower than the agreed purchase price.

 

Other laws

The company and the company’s employees must obey various other laws such as corporate laws and securities regulations, labour laws, worker’s safety regulations, environmental laws or public procurement laws.

 

Obtaining of benefits / gifts

The company and the company’s employees must observe high ethical standards by respecting the rights and dignity of all persons with whom you are dealing and by not accepting illicit benefits nor extending such benefits to other persons.
The above-mentioned other persons shall include customers, fellow employees, suppliers, competitors or government officials.
The company and the company’s employees must not accept illicit benefits which might be offered to them by customers, suppliers or other persons. If the value of such a present is above Kyat 30, 000, The company and the company’s employees are expected to hand it over to the company, unless your supervisor explicitly authorises you to keep it for yourself.

 

Extending of benefits / gifts

The company and the company’s employees must not extend, offer or promise any money or anything of value to government officials or civil servants.

 

Non competition with the company’s business

The company’s employees must not compete in any way with the company’s business and avoid conflicts of interest to the detriment of the company.

 

Confidentiality

The company’s employees must keep the company’s business, financial and technical data as well as internal business documents confidential.
The company’s employees must keep secret all confidential data of the company (i.e. all business, financial and technical data etc.) as well as all internal business documents classified as confidential. Such information may only be disclosed to persons outside the company.