လတ်ဆတ်တဲ့နံနံရွက်တွေကို အခြောက်ခံထားပြီး စနစ်တကျအမှုန့်ကြိတ်ထားတဲ့အပြင် သေသေသပ်သပ် ထုပ်ပိုးထားလို့ အိမ်ရှင်မတွေအတွက် အလုပ်မရှုပ်ပဲ အလွယ်တကူခပ်ပြီး သုံးနိုင်ပါတယ်။
မုန့်ဟင်းခါးတွေ၊ ဟင်းချိုတွေ၊ စွပ်ပြုတ်တွေမှာပဲဖြစ်စေ၊ ဟင်းပွဲတွေ၊ အသုပ်တွေ၊ အချဉ်အနှစ်နဲ့ အသားတွေနှပ်တဲ့အခါမှာပဲဖြစ်စေ အရသာအတွက် လိုအပ်သလိုသုံးနိုင်ပါတယ်။
နနွင်း စစ်စစ်ကို သန့်စင်စွာ ကြိတ်ခွဲထားပါသည်။ အသားများနယ်ရာတွင် လည်းကောင်း၊ ဟင်းများချက်ပြုတ်ရန် ဆီသတ်ရာတွင် လည်းကောင်း၊ မုန့်ဟင်းခါး ချက်ရာတွင် လည်းကောင်း၊ ဆေးအဖြစ်လည်း ထည့်သွင်း၊ အသုံးပြု၊ သောက်သုံးနိုင်ပါသည်။
၁၀၀% ပတဲကောအမြစ်ကို ကြိတ်ခွဲသန့်စင်ထားပါသည်။ ဟင်းခါးချက်ရာတွင် လည်းကောင်း၊ မုန့်ဟင်းခါး၊ မုန့်တီများ ချက်ရာတွင်လည်းကောင်း လွယ်ကူစွာ ထည့်သွင်း အသုံးပြုနိုင်ပါသည်။
မိုးထောင်( ခွဲကြမ်း) သည် မိုးထောင် ငရုတ်သီးအမျိုးအစားမှ ကြိတ်ခွဲထားသော အတော်စပ်သည့် ငရုတ်သီး အမျိုးအစားဖြစ်ပါသည်။ ငံပြာရည်ကျော်၊ ငါးကျော်အစပ် တို့တွင် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထားသည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
မိုးထောင်( အညာခြွေတောင့်) သည် မိုးထောင် ငရုတ်သီးအမျိုးအစားမှ ကြိတ်ခွဲထားသော အတော်စပ်သည့် ငရုတ်သီး အမျိုးအစားဖြစ်ပါသည်။အညှာခြွေ ငရုတ်တောင့် ဖြစ်ပြီး အစပ်ဆုံး ဖြစ်ပါသည်။ အညှာခြွေ သန့်စင်ပြီးသား ဖြစ်သဖြင့် ကြော်စားလည်း အဆင်ပြေ၊ ဟင်းချက်ရာမှာလည်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထားသည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
ကင်ပွန်းချဉ်ရွက်ခြောက်၊ဆား၊အရသာမှုန့်၊ကြက်သွန်ဖြူခြောက်၊ပုဇွန်ခြောက်တို့ပါဝင်ပြီး သုံးမိနစ်ခန့် ရေနွေးပူပူဖြင့်အုပ်ထားပြီးရင် အသင့်စားသုံးနိုင်ပါပြီ။
ချဉ်ပေါင်ရွက်ခြောက်၊ဆား၊အရသာမှုန့်၊ကြက်သွန်ဖြူခြောက်၊ပုဇွန်ခြောက်တို့ပါဝင်ပြီး သုံးမိနစ်ခန့် ရေနွေးပူပူဖြင့်အုပ်ထားပြီးရင် အသင့်စားသုံးနိုင်ပါပြီ။
သဘာဝရှောက်ဘီလူးရွက်မှုန့်ကို စနစ်တကျအမှုန့်ကြိတ်ထားပြီး ဟင်းလျာတွေတိုင်းမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ကျန်းမာရေးနဲ့လည်းသင့်တော်ပြီး အသုံးပြုရလွယ်ကူအောင် စနစ်တကျထုပ်ပိုးပေးထားပါတယ်။
အပု(ခွဲခြမ်း) သည် ငရုတ်အပွသီး အမျိုးအစားမှ အခြောက်ခံကြိတ်ခွဲထားသည့်အတွက် ငရုတ်သီးအစပ်အလျော့ဆုံးဖြစ်ပါသည်။ ငံပြာရည်ကျော်၊ ငါးကျော်အစပ် တို့တွင် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ အစပ်လျော့သည့်အတွက် အစပ်မစားနိုင်သူ သာမက ကလေးငယ်များအတွက်ပါ သင့်တော်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထား သည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
အပု(အနုမှုန့်) သည် ငရုတ်အပွသီး အမျိုးအစားမှ အခြောက်ခံကြိတ်ခွဲထားသည့်အတွက် ငရုတ်သီးအစပ်အလျော့ဆုံးဖြစ်ပါသည်။ ဟင်းအရောင်လှအောင်နှင့် အနှစ်ရအောင်ဆီသတ်ရာတွင်အသုံးပြုနိုင်ပါသည်။ အစပ်လျော့သည့်အတွက် အစပ်မစားနိုင်သူ သာမက ကလေးငယ်များအတွက်ပါ သင့်တော်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထား သည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
အောက်ဆွဲ ( ခွဲကြမ်း) သည် အောက်ဆွဲငရုတ်သီးအမျိုးအစားမှ ကြိတ်ခွဲထားသော ဒုတိယစပ်သည့်ငရုတ်သီး အမျိုးအစားဖြစ်ပါသည်။ ငံပြာရည်ကျော်၊ ငါးကျော်အစပ် တို့တွင် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထားသည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
အောက်ဆွဲ( အနုမှုန့် ) သည် အောက်ဆွဲငရုတ်သီးအမျိုးအစားမှ ကြိတ်ခွဲထားသော ဒုတိယစပ်သည့် ငရုတ်သီး အမျိုးအစားဖြစ်ပါသည်။ ဟင်းအရောင်လှရန် နှင့် အနှစ်ရရန်အတွက်ဆီသတ်ရာမှာ အသုံးပြုနိုင်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထားသည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
Showing 13–24 of 24 results











