မိုးထောင် အနုမှုန့်သည် မိုးထောင်ငရုတ်သီးအမျိုးအစားမှ ကြိတ်ခွဲထားသော အတော်စပ်သည့် ငရုတ်သီး အမျိုးအစားဖြစ်ပါသည်။ ဟင်းအရောင်လှရန် နှင့် အနှစ်ရရန်အတွက်ဆီသတ်ရာမှာ အသုံးပြုနိုင်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထားသည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
မိုးထောင်( အကျက်မှုန့်) သည် မိုးထောင် ငရုတ်သီးအမျိုးအစားမှ ကြိတ်ခွဲထားသော အတော်စပ်သည့် ငရုတ်သီး အမျိုးအစားဖြစ်ပါသည်။ ငပိရည်ကြို၊အသုပ်နှင့် မုန့်ဟင်းခါး တို့တွင် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထားသည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
အစေ့လွတ်ငရုတ်(Ring Chili)ကို အောက်ဆွဲငရုတ်သီး အမျိုးအစားမှ ထုတ်လုပ်ထားပြီး ဟင်း၊ စွပ်ပြုတ်၊ အကြော်အလှော်များ ချက်ပြုတ်ရာတွင် ရနံ့နှင့် အရသာတိုးစေဖို့ အသုံးပြုနိုင်ပါသည်။ Solar Dryer ဖြင့် အခြောက်ခံထားသည့်အတွက် မှိုကင်းစင်ပြီး စိတ်ချလက်ချ သုံးစွဲနိုင်ပါသည်။
ကြက်သွန်နီများကို စနစ်တကျ သန့်စင် လှီးချွတ် အခြောက်ခံ ထားပါသည်။ အသုပ်များ သုပ်ရာတွင် လည်းကောင်း၊ ဟင်းများ ချက်ပြုတ်ရန် ဆီသတ်ရာတွင် လည်းကောင်း၊ အသုံးပြုနိုင်ပါတယ်။ ချက်ပြုတ်ခါနီးတွင် ရေခဏ စိမ်ကာ လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
၁၀၀% ကြက်သွန်နီကို ကြိတ်ခွဲသန့်စင်ထားပါသည်။ အသားများနယ်ရာတွင် လည်းကောင်း၊ ဟင်းချိုချက်ရာတွင် လည်းကောင်း၊ လွယ်ကူစွာ ထည့်သွင်း အသုံးပြုနိုင်ပါသည်။
၁၀၀% ကြက်သွန်ဖြူစစ်စစ်ကို ကြိတ်ခွဲသန့်စင်ထားပါသည်။ အသားများနယ်ရာတွင် လည်းကောင်း၊ ဟင်းချိုများ ချက်ရာတွင် လွယ်ကူစွာ ထည့်သွင်း အသုံးပြုနိုင်ပါသည်။
၁၀၀% ချင်းစစ်စစ်ကို ကြိတ်ခွဲသန့်စင်ထားပါသည်။ အသားများနယ်ရာတွင် အညှီနံ့များ ပျောက်ရန် လည်းကောင်း၊ ဟင်းချိုချက်ရာတွင် လည်းကောင်း၊ မုန့်ဟင်းခါး ချက်ရာတွင် လည်းကောင်း၊ ဟင်းများချက်ပြုတ်ရန် ဆီသတ်ရာတွင် လည်းကောင်း လွယ်ကူစွာ ထည့်သွင်း အသုံးပြုနိုင်ပါသည်။
ဆေးအဖြစ်လည်း သောက်သုံးရာတွင် အသုံးပြုနိုင်ပါသည်။
၁၀၀% စပါးလင်ကို ကြိတ်ခွဲသန့်စင်ထားပါသည်။ အသားများနယ်ရာတွင် လည်းကောင်း၊ ဟင်းချိုချက်ရာတွင် လည်းကောင်း၊ မုန့်ဟင်းခါး၊ မုန့်တီများ ချက်ရာတွင် လွယ်ကူစွာ ထည့်သွင်း အသုံးပြုနိုင်ပါသည်။
နနွင်း စစ်စစ်ကို သန့်စင်စွာ ကြိတ်ခွဲထားပါသည်။ အသားများနယ်ရာတွင် လည်းကောင်း၊ ဟင်းများချက်ပြုတ်ရန် ဆီသတ်ရာတွင် လည်းကောင်း၊ မုန့်ဟင်းခါး ချက်ရာတွင် လည်းကောင်း၊ ဆေးအဖြစ်လည်း ထည့်သွင်း၊ အသုံးပြု၊ သောက်သုံးနိုင်ပါသည်။
မိုးထောင်( ခွဲကြမ်း) သည် မိုးထောင် ငရုတ်သီးအမျိုးအစားမှ ကြိတ်ခွဲထားသော အတော်စပ်သည့် ငရုတ်သီး အမျိုးအစားဖြစ်ပါသည်။ ငံပြာရည်ကျော်၊ ငါးကျော်အစပ် တို့တွင် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထားသည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
မိုးထောင်( အညာခြွေတောင့်) သည် မိုးထောင် ငရုတ်သီးအမျိုးအစားမှ ကြိတ်ခွဲထားသော အတော်စပ်သည့် ငရုတ်သီး အမျိုးအစားဖြစ်ပါသည်။အညှာခြွေ ငရုတ်တောင့် ဖြစ်ပြီး အစပ်ဆုံး ဖြစ်ပါသည်။ အညှာခြွေ သန့်စင်ပြီးသား ဖြစ်သဖြင့် ကြော်စားလည်း အဆင်ပြေ၊ ဟင်းချက်ရာမှာလည်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထားသည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
အပု(ခွဲခြမ်း) သည် ငရုတ်အပွသီး အမျိုးအစားမှ အခြောက်ခံကြိတ်ခွဲထားသည့်အတွက် ငရုတ်သီးအစပ်အလျော့ဆုံးဖြစ်ပါသည်။ ငံပြာရည်ကျော်၊ ငါးကျော်အစပ် တို့တွင် ထည့်သွင်း အသုံးပြုနိုင်ပါသည်။ အစပ်လျော့သည့်အတွက် အစပ်မစားနိုင်သူ သာမက ကလေးငယ်များအတွက်ပါ သင့်တော်ပါသည်။ မှိုကင်းစင်ပြီး solar dryer နည်းပညာဖြင့် အခြောက်ခံထား သည့်အတွက် စိတ်ချစွာ သုံးစွဲနိုင်ပါသည်။
Showing 1–12 of 15 results